တန်ဖိုးရှိသူ

DSC08548

ဘယ်အရာမဆို အလကား သုံးတဲ့လူဟာ အလကားလူ၊ တန်ဖိုးထားပြီး သုံးတဲ့သူဟာ တန်ဖိုးရှိတဲ့လူ

မိမိကြည်ညိုအားထား လေးစားရသော ဆရာတော်ကြီးတစ်ပါး၏ အဆုံးအမစကားဖြစ်သည်။ မိမိသည်  ကိုယ့်ဘ၀ကို ကိုယ်ပြန်ဆန်းစစ်ကြည့်မိသည်။

-ရခဲလှသောလူ့ဘ၀ (မနုဿတ္တဘာဝဒုလလလ္လဘ)= တန်ဖိုးရှိသောဘ၀။

-ကုသိုလ်မျိုးစုံ ပြုခွင့်ကြုံသည့်လူ့ဘုံ -တန်ဖိုးရှိသောနေရာ၊

-ကြုံခဲလှသည့်သာသနာ (ဗုဒ္ဓုပ္ပါဒန၀ခဏ)=တန်ဖိုးရှိသောအချိန်၊

မိမိတွေ့ကြုံနေရသော ဘဝ ဌာန ကာလတို့သည် တန်ဖိုးရှိသော အရာများဖြစ်ကြ၏၊ လိုအပ်သည်မှာ တန်ဖိုးရှိမှန်း သိဖို့ဖြစ်၏  တန်ဖိုးသိမှ တန်ဖိုး ရှိ၏။

မိမိသည် သာသနာ့တက္ကသိုလ်၊ ကမ္ဘာအေး၊ ရန်ကုန်တွင် အချိန်ပိုင်းတာဝန်ကို ထမ်းဆောင်ရင်း တစ်ဖက်ကလည်း ဇာတိချက်ကြွေမွေးရပ်မြေ၌ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်လျက် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်ကာ အထိုက်အလျောက် တရားဟောနေသည်။ ယခုတလော တရားဟောကြားရာဝယ်  အာတွေ့နေသည့် တရားတစ်ပုဒ်ကား တန်ဖိုးရှိတဲ့သူ တရား ဖြစ်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် တန်ဖိုးရှိတဲ့သူ တရားတော်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ဟောကြားသည့်အချိန်နှင့် ဘဝတွင် တန်ဖိုးထားထိုက်သော တန်ဖိုးရှိသူ ဟုဂုဏ်ပြုထိုက်သော နောင်တော်ကြီး ဦးသုခမိန္ဒ(တန့်ယန်း)၏ ရွှေရတုမွေးနေ့ပွဲအတွက် ဆောင်းပါးရေးသား ဂုဏ်ပြုဖို့ရန် အခွင့်အရေး ကြုံကြိုက်လာ၏။

နောင်တော်ကြီး ဦးသုခမိန္ဒကား အမှန်တကယ်ပင် တန်ဖိုးထားထိုက်သည့် တန်ဖိုးရှိသူ အာဇာနည် အရှင်မြတ်တစ်ပါး ဖြစ်ပါသည်။ ဤကဲ့သို့ရေသားဂုဏ်ပြုခြင်းကား တစ်ခဏတာကို အခြေခံကာ ရေးသားလိုက် ခြင်းမဟုတ်ပါ။ လွန်ခဲ့သည့် ၁၈-နှစ်ခန့် ကာလမှစပြီး ယနေ့ကျအောင် တွေ့ကြုံကြားသိခဲ့ရသည်များကို အခြေခံကာ ခိုင်ခိုင်မာမာ သေသေချာချာ ဝေဖန်ထောက်ရှု ရေးသားဂုဏ်ပြုလိုက်ခြင်းဖြစ်ပါသည်။

မှတ်မိပါသေးသည်။ လွန်ခဲ့သည့် ၁၈-နှစ်ခန့်က အဖြစ်အပျက်များ၊ နှစ်အတိကျဆိုရပါလျှင် ၁၃၅၄-၅၅-ပညာသင်နှစ်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကျောင်းသား ရဟန်းတော်သင်တန်းသား အပါး ၉၀-နီးပါးခန့် သာသနတက္ကသီလ ဓမ္မာစရိယ၊ B.A ပထမနှစ် စာသင်ခန်းမကြီးတွင် တစ်စုတစ်ဝေးတည်း ဆုံစည်းခွင့်ရခဲ့ကြ၏။ ပညာပန္နက် ရှေးရေစက်ကြောင့် တစ်ခက်တည်း တစ်ကိုင်းတည်း နားမိကြလေပြီ။

သာသနာ့တက္ကသိုလ်၏ သင်တန်းသား ခုံနံပါတ်ကား နေ့နံအလိုက် စဉ်ထားခြင်းဖြစ်ပြီး သောက်ကြာနံချင်း တူသော နောင်တော်ကြီး ဦးသုခမိန္ဒနှင့် မိမိတို့သည် တစ်တန်းတည်း တစ်ခန်းတည်း အနီးကပ်နေပြီး ပညာသင်ယူခဲ့၏၊ ထို့ပြင် နေရသည့်အဆောင်ချင်းကလည်းကပ်လျက် မိမိက ဧရာဝတီတိုင်းဝိဇ္ဖာလယ တိုက်ကျောင်းဆောင်၊ ဦးသုခမိန္ဒက ရခိုင်ပြည်နယ်ဝိဇ္ဖာလယတိုက်ကျောင်းဆောင်။ အမိတက္ကသိုလ်ကြီးသည် သင်တန်းသားများ နေထိုင်ရန် ပြည်နယ်နှင့်တိုင်း ဝိဇ္ဖာလယသုံးထပ်တိုက်ကျောင်းဆောင်ကြီး ၁၄-ခုတို့ဖြင့် ဖွဲ့စည်းထားသည့် တက္ကသိုလ်ကြီးဖြစ်ပြီး ပြည်ထောင်စုတက္ကသိုလ်ကြီးဟု ဆိုထိုက်ပါပေ၏၊ ထိုတွင် ဧရာဝတီနှင့် ရခိုင်ကား ရင်ချင်းဆက်အမွှာ အဆောင်ချင်းကပ်လျက်ပါ။ ထို့ကြောင့် နောင်တော်ကြီးနှင့် ပိုပြီး ရင်းနှီးခွင့်ရခဲ့၏။

ခရီးရှည်မှ အကောင်းအဆိုးသိ၊ အနီးနေမှ အကြောင်းအကျိုးသိ ဟုဆိုသည့်အတိုင်း B.A တန်းပြီးမှ မဟာတန်းအထိ နှစ်ပေါင်းများစွာ အတူနေခဲ့ရí ရွှေရတုမွေးနေ့ရှင်၏ အမျိုးမှန်အဖိုးတန်သော တန်ဖိုးများကို သိရှိမှတ်သားခွင့် ရခဲ့ပါ၏။

ယနေ့ ရှမ်းပြည်နယ်တစ်ခွင် သာသနာ့ကောင်းကင်ပြင်ကြီးတွင် နေလပမာ ထင်ရှားစွာ သာသနာပြုနေသော ရွှေရတုမွေးနေရှင်နောင်တော်ကြီး ဦးသုခမိန္ဒအတွက် နောင်တစ်ချိန်တွင် ဤကဲ့သို့ထင်ရှားကျော်ကြား အာဇာနည်တစ်ပါး ဖြစ်ပေါ်ဖို့ရန် အခြေခံအကြောင်းများ ထင်ထင်ရှားရှား ရှိခဲ့ပါ၏။

DSC08727

ကြင်နာခြင်း၊ သနားခြင်း ၊

နူးညံခြင်း၊ သိမ်မွေ့ခြင်း၊

ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊

ကူညီခြင်း၊ ဖော်ရွေခြင်း၊

သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း။

တည်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်းတို့နှင့်အတူ ခင်မင်နှစ်လိုဖွယ်ရာ ရတနာတစ်ပါးဖြစ်í သင်တန်းသား ဘဝကတည်းက ထင်ရှားသူ၊ လူသိများသူ၊ ကျော်ကြားသူ  ပညာတော်သူ၊ အားကိုးထိုက်သူအဖြစ် စွဲကျန်ရစ်နေ၏။ အပါး ၉၀-ထဲက တအားအဖိုးကြွယ်သူ အရှင်မြတ်သူ အရှင်မြတ်တစ်ပါးဟု ဆိုချင်ပါ၏။

အမိတက္ကသိုလ်ကြီးတွင် ပညာရည်နို့ သောက်စို့ခဲ့ကြရသော အခင်မင်ဆုံး အချစ်ဆုံးသူငယ်ချင်းများ၏ သတင်းကို အစဉ်တစိုက်နားစွင့်နေခဲ့ရာ တချို့အရှင်မြတ်တို့မှာ ကျောင်းထိုင်ဘုန်းကြီး ၊ တိုက်အုပ်ဘုန်းကြီး၊ မြို့နယ်သံဃနာယက၊ မြို့နယ်ဝိနည်းဓိုရ်၊ နယ်စပ်နှင့်တောင်တန်းသာသနာပြုဆရာတော်၊ ကမ္မဋ္ဌာန်းပြဆရာတော် ၊ ဓမ္မကထိက၊ ပရဟိတဆရာတော် အကျော်အမော် ဖြစ်နေကြသည်ကို ကြားသိရí အမိတက္ကသိုလ်အတွက် များစွာ ဂုဏ်ယူမိပါသည်။ သာသနာ့တက္ကသိုလ် ဆရာမြတ်တစ်ပါးက တန်ဖိုးနှင့်ပတ်သတ်í  ဂါထာတစ်ပုဒ် ရေးသားကာ မိမိကို ချီးမြှင့်ခဲ့ဖူးသည်။

ယော ဘဝဂံ္ဃ န ဇာနာတိ၊ နော စေ သော ဟောတိ အဂ္ဃိယော။

ယော စ ခေါ တံ ဝိဇာနာတိ၊ သော ဟဝေဟောတိ အဂ္ဃိယော။

ဂါထာ၏ ဆိုလိုရင်း အဓိပ္ပါယ်ကား -တန်ဖိုးသိမှ တန်ဖိုးရှိမည်။ တန်ဖိုးမသိက တန်ဖိုးမရှိနိုင်။

မှန်၏ ။ လူ့ဘဝသည် တန်ဖိုးရှိသောဘဝဖြစ်၏။ ထိုတန်ဖိုးရှိသောဘဝ နိမ့်ကျမသွားဘဲ အမြဲတမ်းတိုးတက် ကြီးပွားဖို့ရန်အတွက် တန်ဖိုးထားရမည့်အရာ ၄-ခု ရှိ၏ ။

- နေရာကိုလည်း တန်ဖိုးထားရမည်။ (ပတိရူပ ဒေသဝါသ)၊

- မိတ်ဆွေကိုလည်း တန်ဖိုးထားရမည်။ (သပ္ပုရိသူပနိဿယ)၊

- ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားရမည်။ (အတ္တသမ္မာမဏိဓိ) ၊

- ကုသိုလ်ကိုလည်း တန်ဖိုးထားရမည်။ (ပုဗ္ဗေစ ကတပုညတာ)၊

ထို ၄-ခု ကိုတန်ဖိုးထားí  တန်ဖိုးယူက တန်ဖိုးရှိသူ ဖြစ်နိုင်၏။

အရှင်သုခမိန္ဒကား –

- မိမိနေရာ ရှမ်းပြည်နယ်ကြီးနှင့် တန့်ယန်းမြို့ကိုလည်းကောင်း၊ ပညာရည်နို့ သောက်စို့ခဲ့ရာ အမိတက္ကသိုလ်ကြီးကိုလည်းကောင်း အမြဲတန်ဖိုးထားသူဖြစ်၏။ မိမိကြောင့် ဂုဏ်မပျက်စေရ၊ ဂုဏ်တက်အောင် ကြိုးစားနေသူဖြစ်၏။

မိမိ၏ဆရာသမား မိဘနှစ်ပါး၊ ဆွေမျိုးများနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသူ ဒကာ ဒကာမများ ၊ သူငယ်ချင်းမိတ်ဆွေများကိုလည်း တန်ဖိုးထားသူဖြစ်၏ ။ မိမိအတွက်ဂုဏ်မငယ်စေရ၊ ဂုဏ်ကြွယ်အောင် ကြိုးစားနေသူဖြစ်၏။

- ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားသူ ဖြစ်၏ ။ ထို.ကြောင့် သာသနာတော်တွင် ထင်ရှားသော ဓမ္မာစရိယ၊ B,A၊ မဟာဓမ္မာစရိယ M.A နှင့် သီရိလင်္ကာနိုင်ငံမှ M.A ဘွဲ့တို့ကို ရရှိအောင် ကြိုးစားအားထုတ်ခဲ့ပြီး အလှတွင် အယဉ်ဆင့် အသွင်သင့်သထက် တင့်စေရန်၊ အမြင်ဝင့်သထက် ဝင့်စေရန် မြတ်ဗုဒ္ဓ အလိုကျတရားပြခဲ့သော အနန္တကျေးဇူးရှင် ဖခင်ကြီး၏ ဓမ္မအမွေကို ဆက်လက်ခံယူလျက် ကိုယ်တိုင်လည်း ကျင့်သုံး၊ အများသူငါကိုလည်း လက်ဆင့်ကမ်း ပေးဝေ တန်ဖိုးထားနေသူ ဖြစ်ပါသည်။

- ဤအရှင်ကား သင်တန်းသားဘဝ ကတည်းကပင် ဘုန်းကံကြီးမားသည့်အလျောက် အပေးအကမ်း အလှူအတန်း ရက်ရော၏၊ ယခုလို ပိုí ထင်ရှားပေါများလာသည့် အခြေအနေမျိုး၌ကား ဆိုဖွယ်မရှိ၊ အတိကုသလ အဘိပုညကုသိုလ်ရှင်ကြီးအဖြစ် ကုသိုလ်ကိုတန်ဖိုးထားသည်မှာ သေချာနေ၏။

- ပုဗ္ဗေစ ကတည်းက အခြေလှသူ ဖြစ်í လုပ်နေကျ ကုသိုလ်ကံစွမ်းအား ကြီးမားမှုကြောင့် နေရာကောင်းကိုလည်း ရောက်ခဲ့ရ၏၊ အဖော်ကောင်းကိုလည်း တွေ့ခဲ့ရ၏။ ထို့ကြောင့်ကိုယ့်ကိုယ်ကို ကောင်သထက်ကောင်းအောင် ထိန်းကျောင်းရင်း ကောင်းကျိုးကိုယ်၌  ကောင်းကျိုးကိုယ်၌ တည်စေသူဖြစ်သော ရွှေရတုမွေးနေ့ရှင် နောင်တော်ကြီး စဝ်သုခမိန်- အား အမျိုးမှန် အဖိုးတန်သော ရတနာတစ်ပါးအဖြစ် သမိုင်းတွင်ရစ်စေရန် တန်ဖိုးရှိသူ ဟု သညာပြုကာ ထာဝရမှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။

တန်ဖိုးသိမှ တန်ဖိုးရှိမှာ၊

တန်ဖိုးမသိ တန်ဖိုးမရှိပါ။

တန်ဖိုးရှိဖို့ တန်ဖိုးသိပါ၊

တန်ဖိုးသိ တန်ဖိုးရှိမည်သာ။

ချစ်ခင်မြတ်နိုးတန်ဖိုးထားလျက်-

ညီတော်-ပရဟိတ-အရှင်သုမင်္ဂလ

(ဝေါ ဆရာတော်)

မဟာဓမ္မာစရိယ၊ M.A

နည်းပြ၊ သာသနာ့တက္ကသိုလ်၊ ရန်ကုန်။

Tags:

About laisaitai