၅၅ ကြိမ် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ ပင်လုံ

17.5.2013 နံနက် အင်တောမြို့နေ ထွက်လာပြီး စိုင်းခမ်းလူ တောင်ကြီး လွယ်ခုံးသောက်ရေသန့်အိမ်တွင် နေ့ဆွမ်းဘုဉ်းပေးခဲ့တယ်။
ဆက်လက်ပြီး ခရီးထွက်လာခဲ့ရာ ညနေ ၆ နာရီ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ကို ရောက်လာပြန်တယ်။
ည ၇ နာရီအချိန် (၅၅) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲအတွက် အလုပ်အမှုဆောင် သံဃာတော်များ အစည်းအဝေးပြုလုပ်ပြီး ပုစ္ဆကဆရာတော်များ၊ စာစစ်ဆရာတော်၊ ဆင်ဆာဆရာတော်များကို ရွေးချယ်ခဲ့ပြီး အစည်းအဝေးကို ည ၈း၃၀ အချိန်မှာ အပြီးသတ်ခဲ့ပါတယ်။
18.5.2013 နေ့ဆွမ်းကပ်ပြီးနောက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ စာဖြေသံဃာတော် (1111) ပါးတို့က ပင်လုံမြို့ ပိဋကတ်ကျောင်းနဲ့ မွေတော်ကျောင်းမှာ ရှမ်းဘာသာနဲ့ သဘောရေးဖြေ (၃) ရက်၊ အာဂုံ (၂) ရက် ဖြေဆိုကြမှာဖြစ်ပါတယ်။ ရပ်နီးရပ်ဝေးမှ စာထောက်စာမ ဆရာတော် (၁၈၀) ကြွရောက်တော်မူလာကြပြီး ကဆုန်လပြည့်နေ့မှာ စာအောင်သံဃာတော်များကို အောင်လက်မှတ်များ ဆက်ကပ်မှာဖြစ်ပါတယ်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)

DSC03149DSC03097DSC03107DSC03109DSC03128DSC03137DSC03145

About laisaitai