-
Recent Posts
Recent Comments
- မꨤဝ်ꨲ သီꨲပေꨣꨵ on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
- မꨤဝ်ꨲ သီꨲပေꨣꨵ on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
- saisaitai on လူꨲပꨓ်ꨀူꨓ်းတꨤꨯ ꨅွင်ꨲꨁဝ်လꨯꨳ
- saisaitai on လူꨲပꨓ်ꨀူꨓ်းတꨤꨯ ꨅွင်ꨲꨁဝ်လꨯꨳ
- saisaitai on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
Archives
Categories
Zawgyi-Tai Download Link
Archive for September, 2013
-
ငွေသဇင်တော်ဝင် ပန်းဆင်မြန်းပူဇော်စို့
Posted on September 10, 2013 | No Commentsမဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ်သျှင်သီရိ (ဓမ္မာစရိယ၊ B.A) ———————————————- ပုလဲရောင်ဖြူ ဆဒ္ဒန်ဖြူလည်း၊ မြိုင်ငူတောစွယ်၊ သန္ဓေတွယ်၍၊ လူဝယ်လူဆန်း၊ လူထိပ်ပန်းက၊ မြိုင်နန်းရှိရာ၊ တောမှ လာ၏။ ဤလောက လူသားတို့ လေးစားမြတ်နိုးတန်ဖိုးထားအပ်သော ဆဒ္ဒန်ဆင်ဖြူသည်တောအရပ်မှ ပေါ်ပေါက်၍ မင်း ဧကရာဇ်တို့၏ အသုံးအဆောင်ခံ မြင့်မြတ်သော အထူးပူဇော်ခံရသော ဆင်မင်းအဖြစ်သို့ ရောက်လာရသကဲ့သို့ ဤလောက ရှိ သက်ရှိသက်မဲ့ အရာအားလုံးသည် မည်သည့်ရောတွင်မှ ဖြစ်ပေါ် ဖြစ်ပေါ် သူ၏အရည်အသွေးနှင့်သူ ရှိကြစမြဲဖြစ်ပါသည်။ တောမှာပဲ ဖြစ်ပေါ် ဖြစ်ပေါ် တောင်မှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် အရည်အသွေး အရည်အချင်း ရှိလာသောပုဂ္ဂိုလ်ဟူသမျှ တော်ဝင်နေရာသို့ရောက်ပြီး အသုံးဝင် ထင်ရှားကျော်ကြားကာ လူအများ၏ ချစ်ခင်မြတ်နိုး ပူဇော်မှုကိုခံရသည်မှာ ဓမ္မတာ ဖြစ်ပါသည်။ လောက သဘာဝ […] -
သပ္ပါယဂေဟာ
Posted on September 8, 2013 | 2 Commentsပတ်ဝန်းကျင်တစ်ခုမှာ အချင်းချင်း မျှဝေခံစားနိုင်မှုသည် မလွယ်ကူ။ မိသားစုပတ်ဝန်းကျင်၊ မိတ်ဆွေပတ်ဝန်းကျင်၊ အလုပ်ပတ်ဝန်းကျင်တွင် တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် သဟဇာတ မျှတဖို့သည် ခက်ခဲပါလှ၏ ။ တစ်ဦးချင်း တစ်ယောက်ချင်း ခက်ခဲလှသည်တွင် အားလုံးချာလည်လှည့်ကာ အပြန်အလှန် နားလည်နိုင်စွမ်း အပေးအယူ မျှတနိုင်စွမ်းသည် ပို၍ခက်ခဲလှသည်။ ထိုသို့ ခက်ခဲသောအမှုကို ပြုနိုင်စွမ်းသောမိသားစုတစ်စုကို ရှားရှားပါးပါး တွေ့လိုက်ရသည်။ တန့်ယန်းမြို့မှ သပ္ပါယဂေဟာ မိသားစုဖြစ်သည်။ ထိုသပ္ပါယဂေဟာတွင် ဖခင် ဦးလှရွှေ + မိခင် ဒေါ်ညွန့်၊ သမီးကြီး မနန်းကြည်ကြည်သိန်းနှင့် သားငယ် စိုင်းသိန်းလွင် တို့ဖြစ်ကြသည်။ ရှမ်းတိုင်းရင်းသားများ ဖြစ်ကြ၍ သင်္ကန်းပရိက္ခရာ နိဗ္ဗာန်ကုန်သည်ဖြစ်သည်။ အ ရောင်းအ၀ယ်ကလည်း သင့်တင့်၊ လုပ်ငန်းသဘောကလည်း အေးချမ်း၊ တင်းတိမ်ရောင့်ရဲကြသော မိသားစုလည်းဖြစ်သော ကြောင့် ပူပင်သောက ကြောင့်ကြစရာ […] -
ရတုအလီလီဆောင်စွမ်းစေ
Posted on September 6, 2013 | 2 Comments1372 – ခုနှစ် တန်ခူးလပြည့်ကျော် (၈) ရက်၊ 26. 4. 2011 ၊ အင်္ဂါနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းကျောင်းတိုက်းကြီး၏ ဦးစီးပဓာနနာယက သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့တံဆိပ်တော်ရ နယ်လှည့်ဓမ္မကထိက တောင်တန်းသာသနာပြု ဘဒ္ဒန္တသုခမိန္ဒ၏ ရွှေရတုမွေးနေ့ ပူဇာသဘင် အခမ်းအနားတွင် နိုင်ငံတော်စာပေ (18) ဆုရှင် မြေလယ်မင်းလွင် ရေးဖွဲ့သီကုံးသည့် ရတုလီလီဆောင်စွမ်းစေ အမည်ရှိ ထပ်ကွန့်ရှစ်ဆယ်ပေါ်တေးထပ် * တောင်တန်းသာသနာ ပြုရာအတွက် တုကာဖက် မမီနိုင်စရာ လူ့ရွာအတွက် အရှည်ခိုင်မာအောင် ကြည်လှိုင်သဒ္ဓါ မေတ္တာပွား ဆောင်စွမ်းအကျယ်ချဲ့ မှောင်ခန်းဖယ်ခဲ့ တောင်တန်းနယ်လှဲ့ (လှည့်) , ပြုသာသနာသည် လူ့ကမ္ဘာမှာ လင်းလက်စေတကား ။ […]