-
Recent Posts
Recent Comments
- မꨤဝ်ꨲ သီꨲပေꨣꨵ on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
- မꨤဝ်ꨲ သီꨲပေꨣꨵ on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
- saisaitai on လူꨲပꨓ်ꨀူꨓ်းတꨤꨯ ꨅွင်ꨲꨁဝ်လꨯꨳ
- saisaitai on လူꨲပꨓ်ꨀူꨓ်းတꨤꨯ ꨅွင်ꨲꨁဝ်လꨯꨳ
- saisaitai on ယိင်းꨓွင်ꨵ ꨡမ်ꨲꨁ်ꨮꨳပꨱꨓ်
Archives
Categories
Zawgyi-Tai Download Link
Myanmar မြန်မာ Archive
-
ထီးစဲခါး ရေတံခွန်
Posted on July 14, 2015 | No Comments== ထီးစဲခါးရေတံခွန်== ရှမ်းအခေါ်ကတော့ တိစိုင်းခါး(တံစက်မြိတ်ရေကျတာနဲ့တူတဲ့ ရေဆိပ်လို့ အဓိပ္ပာယ်ရှိပါတယ်) ပအိုဝ်းလိုကတော့ ထီစိုင်းခါးပေါ့။ အခုနာမည်တွင်နေတာကတော့ ထီးစိုင်းခါး။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်ခြားဖြစ်တဲ့ နမ့်တံဘက်ချောင်း (နမ့်တမ်ဖတ်) ကနေ ဖြစ်လာတဲ့ သဘာဝရေတံခွန်ပါ။ ရှမ်းပြည်နယ် ထဲမှာတော့ ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုမှာ တည်ရှိပြီးကယားပြည်နယ်ဘက်မှာတော့ လွယ်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စုမှာ တည်ရှိပါတယ်။ တကယ်သာယာ လှပတဲ့ နေရာပါ။ လွယ်ကော်မြို့နဲ့ ၁၅ မိုင်ခန့်ဝေးကာ ဆီဆိုင်မြို့နဲ့ ၁၇ မိုင်ခန့်ဝေးပြီး ကားစီးရင် ၁ နာရီလောက်နဲ့ ရောက်နိုင်ပါတယ်။ ၂၀၁၂ ခု ထီးစဲခါး အနားမှာရှိတဲ့ မေတ္တာဝါဒီဘေးမဲ့ကျောင်းကို တည်ထောင်သူဦးပညာဝံသက တောင်တန်းသာသနာပြုဆရာတော်အား 23.3.2012 တွင် လှူပေးခဲ့ပါတယ်။ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒက လက်ခံယူပြီး ရှမ်းပြည်နယ် သထုံမူမင်းကွန်း […] -
ကြိုတင်ပြင်ဆင် မသေခင်
Posted on April 18, 2015 | No Commentsတောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ(စဝ်သုခမ်း-တန်.ယန်း) (တရာတော်ကောက်နုတ်ချက်) သာသနာတော် ၂၅၅၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၄)ရက် (၂၀၁၀၊ ၁၂၊၁၄၊) ဖားကန်.့မို.နယ် ၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီဇာသီရိရတနာဓမ္မရိပ်သာမှာ ကျင်းပပြုခဲ.သော ဓမ္မဂုဏ်ရည်တရားစခန်းရဲ့၆-ရက်မြောက်နေ့မှာ ဒီနေ့ ဘုန်းကြီး ဟောပေးမယ့်တရားဟာ အားလုံးနဲ့သက်ဆိုင်တဲ့တရားဖြစ်ပါတယ်။ ဒါကြောင့် တရားခေါင်းစဉ်ကို ကြိုတင်ပြင်ဆင် မသေခင် လို့ပေး လိုက်ပါတယ်။ ကြိုတင်ပြင်ဆင်တယ်ဆိုတာက အလေ့အကျင့်လုပ်ထားရမှာကို ဆိုလိုတာပါ။ လူဆိုတာဟာ ဘယ်အရာမဆို အားလုံးလေ့ကျင့်ထားမှ ကျွမ်းကျင်မှာ၊ လေ့ကျင့်မှုမရှိဘဲနဲ့ ကျွမ်းကျင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ လူ့လောကထဲမှာ ရောက်လာတဲ.အချိန်မှစ၍ မလေ့ကျင့်ရတာ တစ်ခုပဲရှိတယ်။ အလိုလိုနေရင်း တတ်လာခဲ့တာ။ အဲဒါကတော့ ငိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ မွေးလာကတည်းက ဇာတိဆိုတဲ့ ဒုက္ခကြောင့် ဆင်းရဲခဲ့ရတယ်။ ဆင်းရဲလွန်းလို့ ငိုသံထွက်လာတာပဲဖြစ်တယ်။ ကျန်တဲ့ကိစ္စမှာတော့ လေ့ကျင့်ရယူရပါတယ်။ ကိုယ့်နေမှုထိုင်မှုစသည်များအားလုံးကို ကိုယ့်ထက်ကြီးတဲ့သူတွေ […] -
တရားအရှင်
Posted on December 19, 2014 | No Commentsတရားအရှင်သခင် နိဒါန်း စာရေးသူ၏ ဓမ္မမိတ်ဆွေ အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိရဲ့ ရွှေရတုမွေးနေ့ မှတ်တမ်းမှာ ဒီစာမူနှင့် ပူဇော်ခွင့်ရတဲ့အတွက် စာရေးသူ ကံထူးလှပါတယ်။ ညီတော်နောင်တော် သီးတင်းသုံးဖေါ် (၂) ပါးရဲ့ အတိတ်ပုံရိပ်ကို ဖော်ညွှန်းခြင်းဖြစ်ပါတယ်။ တရားအရှင်သခင် “တရား” ကို ပါဠိဘာသာကတော့ “ဓမ္မ” လို့ခေါ်ပြီး အရှင်သခင်ကို ပါဠိဘာသာအားဖြင့်း “သာမိ” လို့ခေါ်ပါတယ်။ ဒါကြောင့် စာရေးသူရဲ့ သီတင်းသုံးဖေါ် ရွှေရတုမွေးနေ့ရှင် ဖြစ်တဲ့ “ဓမ္မသာမိ”ဟာ “တရားအရှင်သခင်” ပါ။ ဘာကြောင့် ဓမ္မသာမိ ဖြစ်ရသလဲ ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အုဌ်ကျောင်း ဘုရားစင်ရှေ့မှာ ကိုရင်ငယ်နဲ့ ကပ္ပိယများ အသံကျယ်လောင်စွာနဲ့ ဘုရားဝတ်တက်နေကြပါတယ်။ ဘုရားရှိခိုးပြီးတဲ့နောက် ကပ္ပိယငယ်များအား ရှင်သာမဏေ ပြုပေးဖို့အတွက် စာအုပ်နဲ့ ဖောင်တိန်ကိုင်ထားတဲ့ […] -
သာသနာအတွက် အားတက်မိပါ၏
Posted on August 4, 2014 | No Commentsမြတ်ဗုဒ္ဓသည် သံသရာဝဲသြဃရေအယဉ်တွင် မျောလွင့်နေကြရသော သတ္တဝါအနန္တတို့ကို ထုတ်ဆောင်ကယ်တင်နိုင်ရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလတိုင်အောင် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူပြီး လောကတွင် ထင်ရှားရှိပါလျက် တိမ်မြုပ်ပျောက်ကွယ်နေသော အမှန်တရားသစ္စာတို့ကို ကိုယ်တော်တိုင် ဉာဏ်ဖြင့် ထိုးထွင်းသိမြင်အောင် ကြိုးစားရှာဖွေ ဖော်ထုတ်တော် မူခဲ့၏။ ထိုသို့ အမှန်တရားကို သိမြင်တော်မူသောကြောင့် ကိုယ်တော်တိုင် သံသရာဝဲသြဃနယ်မှ လွတ်မြောက်တော်မူရ၏။ တစ်ဖန် မိမိထိုးထွင်းသိမြင်တော်မူသည့် အမှန်တရားတို့ကို သတ္တဝါဝေနေယျတို့ အားလည်း သိရှိနိုင်စေရန် နည်းလမ်းတို့ကို ညွန်ပြတော်မူ၏။ ထိုမြတ်ဗုဒ္ဓ ညွန်ပြသည့်နည်းလမ်းအတိုင်း လိုက်နာကျင့်သုံးကြသည့် သတ္တဝါအနန္တတို့သည်လည်း အမှန်တရားကို သိမြင်၍ သံသရာဝဲသြဃနယ်မှ လွတ်မြောက်ကြရလေ၏။ ထိုမြတ်ဗုဒ္ဓ၏ အမှန်တရား သိမြင်ရေးနည်းလမ်းများကို မြတ်ဗုဒ္ဓ၏ တပည့်သာဝက အဆက်ဆက်တို့သည် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြသည်မှာ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိရာကာလမှ ယနေ့ခေတ်ကာလ အချိန်တိုင်အောင် ဖြစ်၏။ ထိုသို့ […] -
ကျွန်း Island
Posted on July 27, 2014 | No Commentsကျွန်း July လရဲ့ ညနေခင်းလေး တစ်ခု … နေရာက … စင်ကာပူကျွန်းရဲ့ နံဘေးမှာရှိတဲ့ Sentosa ကျွန်းလေးရဲ့ … ပင်လယ်ကမ်းစပ်မှာ …။ ဒီအရှင် (၀စိပိတ်ဆရာတော်) ပင်လယ်ထဲက ပြေးပြီးတက်လာတဲ့ … လှိုင်းဖြူဖြူလေးတွေကို တစ်ပါးတည်း ငေးကြည့်နေမိတယ် … ပင်လယ်ကမ်းစပ်မှာ လှိုင်းပုတ်ခတ်သံကလွှဲလို့ ဘာမှ မရှိ …။ ခဏကျတော့ … ညီတော် သုခမိန်၊ ညီတော် နန္ဒမာလာ၊ ညီတော် ပညာဘောဂတို့ ကမ်းစပ်အတိုင်း လမ်းလျှောက်ရင်း ရောက်လာကြတယ် …။ ညနေပိုင်း နေဝင်ချိန် လေကလေး တဖြူးဖြူးနဲ့ … ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်ကြတယ်။ ညီတော်တွေ ရောက်လာတာ (၄) ရက်ရှိပြီ… ဒီအရှင် ခွဲစိတ်ခါနီး […] -
Hospital Hotel ဆေးရုံဟော်တယ်
Posted on July 18, 2014 | No CommentsHospital Hotel ဆေးရုံဟော်တယ် ၁၂၊ ၇၊ ၂၀၁၄ Nok Air လေကြောင်းနှင့်အတူ ည ၉ နာရီအချိန် ရန်ကုန်ကနေ ဘန်ကောက်ကို ခရီးထွက်လာခဲ့ တယ်။ ဘန်ကောက် ဒူးမောင်းလေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁ နာရီ ကောင်းစွာ ဆိုက်ရောက်တယ်။ စာရေးသူတို့ကို ဘန်ကောက်ရောက် ရှမ်းလူငယ်အဖွဲ့ စုစုပေါင်း လူပေါင်း ၁၅၀ ကျော် အိုးစည်ဗုံမောင်းနဲ့ လာရောက်ကြိုဆိုကြတယ်။ စာရေုးသူတို့ကို ကြယ်လေးပွင့်အဆင့်ရှိ Best Western Plus Grand Howard Hotel မှာ လာတည်းစေခဲ့တယ်။ အလှူရှင်ကတော့ နမ့်ခမ်းကနေ ဘန်ကောက်ကို အလုပ်လာလုပ်နေတဲ့ ဒေါ်နန်းဆွေပါ။ ၁၃၊ ၇၊ ၂၀၁၄ နံနက် ၉ နာရီကျော် ဟော်တယ်ကနေ […] -
နိမ်ဆောင်ဆမ် (ခေိုင်;သွင်သ၊မ်)
Posted on April 3, 2014 | No Comments*** နိမ်ဆောင်ဆမ်*** သင်္ချာဂဏန်း ရေတွက်စမ်းကွဲ့ ဒို့ရှမ်းတတွေ ဘယ်လိုရေလဲ ယိအေဆန်းဆိ ဒို့မသိဘူး ဝမ်းတူးသရီးလဲ ဒို့မစွဲဖြစ် တစ်နှစ်သုံးလို မဆိုမှန်ရိုး ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်က ရေတွက်လေသံ နိမ်ဆောင်ဆမ်တဲ့ နိမ်ဆောင်ဆမ်။ ရိုးရာဝတ်စုံ အဖုံဖုံတို့ ပုံစံမတူ နေပါမူလည်း ဘူမိနေရာ လွန်ဝေးကွာလဲ ဘာသာအယူ သွင်မတူလဲ တမူလေသံ ကွဲလွှဲပြန်လဲ နိမ်ဆောင်ဆမ်သာ ရေတွက်ပါက မှတ်ပါဒို့ရှမ်း ကမ္ဘာတဝှမ်းတည်း။ စဝ်ဆုခမ်း 30/3/2014 ### ꨓိုင်ꨳသွင်သꨤမ် ###ေꨁꨣꨳꨀꨮꨤမ်းပꨤꨯးꨓပ်ꨵ ꨡꨤꨓ်ꨲꨁပ်ꨵꨬꨓဝꨯး ꨟဝ်းတꨯးတင်းလꨤꨯ ꨟꨱတ်းꨟိုဝ်မꨤꨯꨡꨤꨓ်း ယိꨬꨡသꨓ်းေꨀꨣꨳ ꨟဝ်းတေꨣꨳꨡမ်ꨲမီး ဝꨤꨓ်းထူးထရီးေꨀꨣꨳ ꨟဝ်းတေꨣꨳꨡမ်ꨲလိတ်ꨵ တိတ်ꨵꨓိတ်ꨵတူင်းꨓꨯ ဝꨯꨵꨀꨯꨀꨯꨀွꨓ်ꨲ ပူꨲမွꨓ်ꨲꨓꨤꨯးယꨣꨳ ꨡွꨓ်ꨀꨓ်ဝꨣꨳပွင် ꨓိုင်ꨳသွင်ꨬလꨳသꨤမ် ꨓိုင်ꨳသွင်သꨤမ်။ ꨁူဝ်းꨓုင်ꨳတꨤင်းမꨯ ယူꨲꨀꨯꨬလꨳပိုင်ꨳ ꨟိုင်ꨳꨀိုင်းꨕꨣꨲသꨣꨲ ပꨰꨀ်ꨲꨀꨮꨣꨲေꨀꨣꨳလꨤꨯး သꨱင်ငꨤꨯးပိုင်ꨳꨀꨓ် […] -
မေတ္တာ နဲ့ ဝဋ်ဆိုတာ
Posted on April 2, 2014 | No Comments(၁) တစ်ယောက်သောသူအပေါ်မေတ္တာများများပို့လျှင်ရောင်ပြန်ဟပ်တယ်ဆိုတာမှန်ပါသလား အရှင်ဘုရား။ (၂) ဝဋ်ဆိုတာဒီဘဝမှာပဲလည်တယ်ဆိုတာကောမှန်ပါသလားဘုရား။ မေးခွန်းရှင် Nangthu Zarpwae (1) ၅၂၈ အတွက် လုံးဝမှန်ပါတယ်။ မေတ္တာဆိုတာ ဒေါသရဲ့ ဆန့်ကျင်ဘက်ပါ။ ဒေါသထွက်ရင် စိတ်ပူမယ်။ မေတ္တာထားရင် စိတ်အေးမယ်။ ရောင်ပြန်ဟပ်တာကို မမျှော်သင့်ပါဘူး။ မေတ္တာစိတ်ထားတဲ့အချိန် စိတ်ငြိမ်းချမ်းပါတယ်။ (2) စိတ်ဖြစ်စဉ် (စိတ်အဆင့်ဆင့်)မှာ ဇော ၇ ချက်ရှိတယ်။ ပထမဇောက ဒီ ဘဝ မှာ ချက်ချင်း အကျိုးသက်ရောက်ပါတယ်။ ခုချက်ချင်း သူများကို ပြုံးပြ သူများကလည်း ပြန်လည်ပြုံးပြပါမယ်။ ခုချက်ချင်း သူများကို လက်သီးနဲ့ထိုး သူများလည်း ချက်ချင်း ကိုယ့်ကိုယ် ပြန်ထိုးမယ်။ သတ္တမဇောကတော့ ဒီဘဝကသေပြီး ဖြစ်ဖြစ်ချင်းဘဝမှာ အကျိုးပေးမယ်။ အလယ်ဇောငါးချက် (ဒုတိယဇောမှ ဆဋ္ဌမဇော) […] -
သံလွင်မြစ်
Posted on February 20, 2014 | No Commentsသံလွင်မြစ်ဟာ ရှမ်းပြည်နယ်မှာ အကြီးဆုံးမြစ်ဖြစ်သည့်အပြင် ကမ္ဘာပေါ်မှာ ရေစီးအသန်ဆုံးမြစ်၊ အလှပဆုံးမြစ်တစ်ခုဖြစ်တယ်။ အနုပညာရှင်များကတော့ သံလွင်မြစ်ကို အကြောင်းပြုပြီး တေးသီချင်းတွေ ရေးဖွဲ့သီကုံးကြတယ်။ ရွှေလီမြစ်၊ နမ့်တိန်းမြစ်တို့ကို ရှမ်းသီချင်းရေးဆရာတွေက အချစ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုသာ ရေးစပ်ကြသော်လည်း သံလွင်မြစ်ကိုတော့ အမျိုးသားရေးသီချင်းအဖြစ် ရေးဖွဲ့ကြတယ်။ ရှမ်းသီချင်းတစ် ပုဒ်က (ဘယ်သူကမှ သူ့အကြောင်းကို မသိကြဘူး)လို့ဆိုထားတာကြောင့် စာရေးသူက သံလွင်မြစ်အကြောင်း ရေးဖွဲ့ဖြစ်ခဲ့တာပါ။ သံလွင်မြစ်ဟာ တိဗက်ပြည်အရှေ့ဘက် ဒန်ကလာ ရေခဲတောင်ကနေ မြစ်ဖျားခံခဲ့ပြီး အနောက်ကနေ အရှေ့ဘက်ကို စတင်စီးဆင်းတယ်။ တရုတ်ပြည်၊ ဆိကျင်း ပြည်နယ် လတ္တီတွဒ် ၃၀ ဒီဂရီရောက် အရှေ့တောင်ဘက်ကို ချိုးဝင်ကာ ယူနန်ပြည်နယ်ထဲ ရောက်သွားတယ်။ ယူနန်ပြည်နယ်ထဲရောက်တဲ့အချိန် သံလွင်မြစ်ဟာ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းပြီး လတ္တီတွဒ် ၂၇ ဒီဂရီအရောက် သံလွင်မြစ်ဟာ မေခမြစ်နဲ့ […] -
လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းနေသူ
Posted on December 25, 2013 | No Commentsသီတင်းသုံးဖော်တစ်ပါး စာတစ်စောင် လာပေးသောကြောင့် စာအိတ်ကို ဖွင့်၍ စာကို ဖတ်လိုက်၏။ ဦးသုခမိန္ဒ၏ ရွှေရတုမွေးနေ့ ဂုဏ်ပြုစာစောင်အတွက် စာမူတောင်းခံလွှာဖြစ်နေ၏။ စာကို ဖတ်ရင်း ဦးသုခမိန္ဒ၏ အတိတ်ကပုံရိပ်များ သက်ဝင်လှုပ်ရှားလာ၏။ အသားဖြူ ကိုယ်ခန္ဓာ မပိန်မဝနဲ့ မျက်နှာက အမြဲကြည်လင် ပြုံးရွှင်နေတတ်သူ၊ ဂါရဝ နိဝါတတရားများ ထုံမွမ်းထားခြင်းကြောင့် နှစ်လိုဖွယ် အမူအရာရှိသူ၊ ရည်မှန်းချက်ကြီးမားပြီး ရည်မှန်းချက်ပြည့်အောင် ကြိုးစားတတ်သူ၊ ဥာဏ်ထက်မြတ်သည့်အလျောက် လုံ့လဝီရိယရှိသူ၊ ကူညီရိုင်းပင်းတတ်သူ စသည်ဖြင့် ပုံရိပ်များကား အစီအရီပင်။ ဦးသုခမိန္ဒကို စာရေးသူအထူးသဖြင့် သတိရစေသော အကြောင်းတစ်ချက်ရှိ၏။ ဦးသုခမိန္ဒ ပရိယတ္တိသာသနာ့တက္ကသိုလ်ဝယ် ဒုတိယနှစ် သင်တန်း တက်ရောက်နေစဉ်က -ဟုထင်၏။ ဒုတိယနှစ်ဝက်သင်တန်း ပြန်လည်ဖွင့်လှစ်သည့်အခါ အခြားသင်တန်းသားများနည်းတူ ဦးသုခမိန္ဒလည်း တက္ကသိုလ်အဆောင်သို့ ပြန်ရောက်လာ၏။ […]